item(s)

Thursday, October 24, 2013

“နံနက်ခင်းလှေကလေးများနဲ့ဓါတ်ပုံရူးသူ”

1အဝေးကလာနေတဲ့လှေကလေး
1အဝေးကလာနေတဲ့လှေကလေး
2 လှေကလေးက နေရောင်အရိပ်ထဲကို အ၀င်
2 လှေကလေးက နေရောင်အရိပ်ထဲကို အ၀င်

“နံနက်ခင်းလှေကလေးများနဲ့ဓါတ်ပုံရူးသူ”



မန်းလေးကန်တော်ကြီးရဲ့နံနက်ခင်းလေးမှာလှေကလေးတွေအမြဲရှိတတ်ပါတယ်။
ပိုပြီးရေပြင်ကျယ်တဲ့ တောင်ဘက်ခြမ်းမှာ ပိုများပါတယ်။
မနက်အရုဏ်တက်ချိန်မှာလှေကလေးတွေ ကရေပြင်မှာလူးလာခေါက်တုံ့။
အရှေ့ဘက်ကမ်းကနေလာကြတဲ့လူအချို့ကလည်း ကန်တော်ကြီးရေပြင်ကို
ဖြတ်ပြီးအနောက်ဘက်ကို လှေကလေးတွေနဲ့လာတတ်ကြပါတယ်။
မမြလေးဘုရားရဲ့တောင်ဘက်နားလေးကတော့ လှေဆိပ်ပေါ့။
အဲဒီနားလေးမှာလှေကလေးတွေယာယီခိုနား။
ငါးရောင်းတဲ့ဈေးသည်များကလဲ ဒီနားမှာငါးလာယူ။
ဒီလှေဆိပ်ကို အားကိုးနေသူများကတော့ တက်သိမ်းအင်းမယ်တော်ရဲ့နန်းနားလေးမှာနေကြတဲ့
မိသားစုလေးတွေပါဘဲ။
တစ်ရက်ကျနော်လမ်းလျောက်လာချိန် နေအရုဏ်ထွက်ခါစ
အလင်းများက ရေပြင်ပေါ်ဖြာအကျ။
အဲဒီအလင်းတန်းများကြားကိုလှေကလေးကအရောက်။
လှပသောမြင်ကွင်းလေးများကို အမိအရဖမ်းဆုပ်။
လူ၀၀ မျက်နှာပေါ်က်ဆိုးဆိုး ဘောင်းဘီတိုတို တီရှပ်အစုတ်
ကင်မရာပေါက်စနနဲ့ ဟိုရိုက်ဒီရိုက်လုပ်တတ်တဲ့သူကို အစကတော့
အဲဒီနားကလူတွေက “ဘာလဲဟ……………”ဆိုတဲ့အကြည့်နဲ့ကြည့်တတ်ကြပါတယ်။
အဲလိုလူများကိုတော့ ပြုံးပြရတာပေါ့။
(ကိုယ်ကသာ ပြုံးပြတယ်ထင်တာ တစ်ဘက်လူကတော့ သွားဖြဲပြတယ်အောက့်မေ့မှာပါ)




3ရေအလယ် နေအလယ် လှေငယ်ငယ်
3ရေအလယ် နေအလယ် လှေငယ်ငယ်
7 ကမ်းစပ်ကို ကယ်တော့မယ့်လှေ
4 ကမ်းစပ်ကို ကပ်တာ့မယ့်လှေ

5နားခိုရာ
5နားခိုရာ

6 ငါးလှေ
6 ငါးလှေ
7 အလင်းအောက်မှာတစ်ကိုယ်တော်
7 အလင်းအောက်မှာတစ်ကိုယ်တော်
8 နားနားနေနေ
8 နားနားနေနေ
9 အလင်းရိပ်ဝယ်ခုနား
9 အလင်းရိပ်ဝယ်ခိုနား

တစ်ချို့ကတော့ “ဘာလုပ်ဖို့လဲ” မေးတဲ့အခါ
ရီဖြဲဖြဲနဲ့ “မိန်းမက လှေပုံကြည့်ချင်တယ်ပြောလို့”ဆိုပြီးရီစရာပြောရပါတယ်။
နောက်တော့လဲ ကျနော်ခဏခဏလာပါများတော့ “ဓါတ်ပုံအရူး”မှန်းသိသွားတယ်နဲ့တူပါတယ်
ဘယ်သူမှ ကျနော်ကို ဂရုမစိုက်ကြတော့ပါဘူး။
ကျနော်ကလဲဓါတ်ပုံရိုက်လို့ဝတဲ့အခါ လမ်းလျောက်ပြန်ရင်း ကိုယ်ရိုက်ခဲ့တဲ့ပုံလေးတွေကို
ကြည့်ရင်း သဘောတွေကျ။.
ကဲ သဘောကျလောက်လား မကျလောက်ဘူးလားဆိုတာကို အကဲဖြတ်ကြည့်လိုက်ရအောင်။




10 သစ်ရိပ်မှာခိုနား
10 သစ်ရိပ်မှာခိုနား
Quantity : Add to Cart

No comments:

Post a Comment

Sample Text